လူမှုရေး

ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရွှေလဝင်းသီလရှင်ကျောင်းနှင့် မြို့တောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဗဟို မှ ဒုဥက္ကဌနှင့် CEC များသည် မကွေးတိုင်း MWCDF အဖွဲ့၊ စလင်းမြို့ MWCDF အဖွဲ့နှင့်အတူ မကွေးတိုင်း၊ စလင်းမြို့၊ ရွှေလဝင်း သီလရှင်ကျောင်းသို့ သွားရောက်၍ ၀တ္ထုငွေ၊ ဆန်၊ ဆီ၊ မုန့်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းခဲ့ပါသည်။             ဆက်လက်၍ စလင်းမြို့ပေါ်ရှိ မြို့တောင်ပရိယတ္တစာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ ဗလာစာအုပ်၊ စားသောက်ကုန်၊ ဆပ်ပြာဆီနှင့် Covid-19

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဗဟိုမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် မကွေးတိုင်း MWCDF အသင်းအဖွဲ့၊ စလင်းမြို့MWCDF အသင်းအဖွဲ့နှင့်အတူ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ ၊ မင်္ဂလာရံသီ မဟာစည် ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တကဝိန္ဒ အား ဖူးမျှော်ကန်တော့ပြီး ၀တ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ မုန့်များ ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဆက်ကပ်လှူဒါန်းကာ တရားနာယူခဲ့ကြပါသည်။             ဆက်လက်၍ ဆင်ဖြူကျွန်းမြို့၊ ပေါ်ကျက်ဆူတန်းကျေးရွာ အနီးရှိ

သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလတ်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ ဆပ်ပြာဆီ၊ မုန့်များ၊ ဆေးဝါးနှင့် Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဥပုသ်သည် အဖိုးအဖွား(၄)ဦးအား ဆေးဝါးနှင့် မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၈.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ ဇေယျာသီရိဓမ္မဝံသကျောင်းတိုက်သို့ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ ဆပ်ပြာဆီ၊ မုန့်များ၊ ဆေးဝါးနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါ သည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

(၁၄.၈.၂၀၂၀)ရက်နေ့ နံနက်(၁၀.၀၀)အချိန်တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းရုံးချုပ်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့်CECများ၊ အဖွဲ့ဝင်များသည် သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူရန် ပင့်ဖိတ်၍ တရားနာယူကာ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ ဘုန်းကြီးကျောင်း(၄)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိမြို့နယ်၊ ဘုန်းကြီးကျောင်း(၄)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၈.၂၀၂၀)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ ဂွေးချိုကျေးရွာ၊ အောင်သဒ္ဓိကျောင်းတိုက်၊ တောင်ညိုကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ မောင်းရမ်းကျေးရွာ၊ ရွှေဘုံသာကျောင်းတိုက်၊ ဇလောင်းကျေးရွာ၊ ရာဇဓာနီသာမဏေကျော် စာသင်တိုက် များသို့ သွားရောက်၍ ဝတ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ စာရေးကိရိယာ၊ အခြေခံစားသောက်ကုန်များ၊ ဆပ်ပြာဆီ နှင့် Mask များ လှူဒါန်းခဲ့ပါသည်။