လူမှုရေး

မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်း

မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၁၄.၁၂.၂၀၁၉ မှ ၁၆. ၁၂.၂၀၁၉)ရက်နေ့အထိ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို မကွေးတက္ကသိုလ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပြီး မကွေးတိုင်း MWCDFအသင်းမှ ပြခန်းများဖွင့်လှစ်ပြသခြင်းနှင့် လာရောက်လေ့လာကြသော ကျောင်းသား/သူများကို ဗဟုသုတဉာဏ်စမ်း မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများကို လက်ဆေးဆပ်ပြာရည်ဘူး၊ ပြက္ခဒိန်၊ ဗလာစာအုပ်၊ သော့ချိတ်များကို ဆုအဖြစ်ပေးအပ် ခဲ့ပါသည်။

ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်ကျွေးမွေး လှူဒါန်းခြင်း

ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်ကျွေးမွေး လှူဒါန်းခြင်း

(၁၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့ ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်၍ အာဟာရကျွေးမွေးခြင်း၊ မုန့်များကျွေးမွေးခြင်း၊ ဘောလုံးများလှူဒါန်းခြင်း၊ ရောင်စုံစက္ကူထုပ်များ လှူဒါန်းခြင်းဖြင့် စွမ်းရည်သရုပ်ပြပွဲများ ပြသစေ၍ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ တက်ရောက်ခြင်း

၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ တက်ရောက်ခြင်း

၁၆.၁၂.၂၀၁၉ ရက်နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့်“ ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။

တန်ဖိုးသင့် အာဟာရလှူဒါန်းပေးခြင်း

တန်ဖိုးသင့် အာဟာရလှူဒါန်းပေးခြင်း

(၁၄.၁၂.၂၀၁၉)ရက်နေ့တွင် အလှူရှင် ဦးအောင်မင်း+ဒေါက်တာဝေဝေသာ( မိသားစု)မှနေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ ကုတင်(၁၀၀)ဆံ့ သားဖွား မီးယပ်အထူးကု ဆေးရုံကြီးတွင် တက်ရောက်ကု သနေသော အမျိုးသမီးလူနာများနှင့် လူနာစောင့်များ နေ့လည်စာ အာဟာရအတွက် ထမင်း+ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်း တို့ဖြင့် အာဟာရဒါန လှူဒါန်းပေးခဲ့ပါသည်။ ယနေ့ လှူဒါန်းမှုအတွက် သာဓု သာဓု သာဓုပါ။ လူနာ ၁၀၀ ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း လှူဒါန်းနိုင်ပါသည်။ လှူဒါန်းလိုသူများအနေဖြင့် – * ဦးတင့်လွင်+ဒေါ်စန်းစန်းမြင့်(MWCDFအသင်းအမှုဆောင်အဖွဲ့ဝင်)Ph:09256027755/09256027744/MWCDF အသင်း၏ ဧရာဝတီဘဏ်အကောင့်နံပါတ် -0061222010006065 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့တက်ရောက်ခြင်း

လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့တက်ရောက်ခြင်း

(၇.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး MWCDFအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် သင်္ဂဟပျဲန်ဒါအဖွဲ့အစည်းနှင့် ထားဝယ်မြို့၊ သရက်ချောင်းမြို့အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းကာ မိမိဒေသအတွင်း ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများ လျော့နည်းလာစေရန်၊ မတူကွဲပြားမှုများကို တန်ဖိုးထားလေးစားမှုရှိလာပြီး အပြန်အလှန် ပေါင်းစည်းလုပ်ဆောင်မှုအားကောင်းလာစေရန် ရည်ရွယ်၍ “လူ့ဘောင်ငြိမ်းချမ်းသာယာဖို့ ကွဲပြားမတူ ပေါင်းစည်းကူစို့” ဟူသောခေါင်းစဉ်ဖြင့် လူထုအမြင်ဖွင့် တိုက်တွန်းနှိုးဆော်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတ

ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတ

(၇.၁၂.၂၀၁၉)ရက်နေ့ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ အမျိုးသမီးအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပါဝင်ဆင်နွှဲရန် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ရန်ကုန်တိုင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအားလုံး လူထုလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။