ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့

(၂၆.၁.၂၀၁၉) ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၆.၁.၂၀၁၉) ဆပ်ပြာပြုလုပ်နည်းသင်တန်း ပထမနေ့တွင် သင်တန်းဆရာမမှ သင်တန်းသူများအား ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာပြုလုပ်နည်းများ သင်ကြားပို့ချခဲ့ပါသည်။
(၂၆.၁.၂၀၁၉)နေ့တွင် MWCDF အသင်းမှ မန္တလေးမြို့၊ ကမ်းနားလမ်း၊ ချော်ဆိပ်ရေနံရိပ်သာ၌ အမျိုးသမီးများဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆပ်ပြာပြုလုပ်နည်း သင်တန်းအား(၂၆.၁.၂၀၁၉ မှ ၂၇.၁.၂၀၁၉)နေ့အထိ (၂)ရက်တာ ပို့ချပေးမည့် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Earth Vocational Training Center တို့ ပူးပေါင်းဖွင့်လှစ်သော ကြိမ်၊ ၀ါး၊ စဉ့် လက်မှုအနုပညာသင်တန်းဆင်းပွဲ အခမ်းအနားအား (၃၁.၁၂.၂၀၁၈)နေ့၊ နေ့လည်(၁၁းဝ၀)နာရီတွင် အမှတ်(၁၇၀)၊ Earth Vocational Training Center ၊ သီရိရတနာအဆင့်မြှင့်စျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၂၄.၁၂.၂၀၁၈)နေ့တွင် အမှတ်(၁၇၀)၊ သီရိရတနာအဆင့်မြင့်စျေး၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ Earth ကြိမ်၊ ဝါး၊ စဉ့် လက်မှုအနုပညာ သင်တန်းကျောင်း၌ “ကြိမ်၊ ဝါး လက်မှုအနုပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားအား တိုင်း/ပြည်နယ်များမှ သင်တန်းသား/သူ(၂၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၄.၁၂.၂၀၁၈ မှ ၃၁.၁၂.၂၀၁၈)နေ့အထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။
(၁၄.၉.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာရှိ ထောက်ပံ့မှုပေးရန် လိုအပ်သော မိသားစုများ၊ အဖိုးအဖွားများအား အဝတ်အထည်နှင့် ပလတ်စတစ်ခြင်းများ -(၂၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းအား သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ရာ လိုအပ်သော ပစ္စည်းများ -(၃၀,၀၀၀)ကျပ်ဖိုး လှူဒါန်းခဲ့ပါသည်။ ဆပ်ပြာကျင်းကျေးရွာတွင် ဖန်စီအိတ်ထိုးနည်း သင်တန်းအားလည်း သင်တန်းသူ(၂၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လိုအပ်သောပစ္စည်းများ (၆၀,၀၀၀)ကျပ်ဖိုး ပေးအပ်လှူဒါန်းခဲ့ပါသည်။
(၁၁.၉.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(MMCWA)မှ ကြီးမှူးကျင်းပမည့် “ဆယ်အိမ်စုမှူးနည်းပြသင်တန်း(ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနား” သို့ MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ရောက်ခဲ့ပါသည်။