Uncategorized

ဒုတိယအကြိမ််မြောက် နွေရာသီ English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

နွေရာသီအားလပ်ရက်တွင် ကလေးသူငယ်များ အင်္ဂလိပ်စာတိုးတက်စေရန်အတွက် ရည်မှန်း၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲအား (၂၆.၅.၂၀၁၆)နေ့တွင် MWCDFရုံးချုပ်၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ် အမှုဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်၍ သင်တန်းဆင်းပွဲအားပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

  မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှဥက္ကဌဒေါက်တာ ဒေါ်ဝေဝေသာနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ရတနာစံပြဘုန်းတော်ကြီးပညာသင်ကျောင်းသို့သွားရောက်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက်(၁ဝး၁၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရတနာစံပြ(ဘ.က)ကျောင်းမှ ကျောင်းသား/သူ(၃၁၀)ဦး၊ ဆရာ/မ(၉)ဦးတို့ တက် ရောက်ခဲ့ပါသည်။ အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပထမဦးစွာကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနန္ဒိယသဒ္ဒမ္မဇောတိက ထံမှတရားနာယူပြီး သင်္ကန်းနှင့်ဝတ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းမှာ ကလေးများသည် နောင်တွင်ဖြောင့်မတ်တည်ကြည်သော၊ မွန်မြတ်သော စိတ်ထားနှင့် ရည်မှန်းချက်ထားရှိပြီး နိုင်ငံချစ်စိတ်မွေးမြူ၍ လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော