Uncategorized

မွန်ပြည်နယ်အကြိုညှိနှိုင်းဆွေးနွေးပွဲ(ဒုတိယအကြိမ်)

မွန်ပြည်နယ်အကြိုညှိနှိုင်းဆွေးနွေးပွဲ(ဒုတိယအကြိမ်)

(၁၃.၁၁.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Rehmonnya Hotel ၌ ကျင်းပပြု လုပ်သော ၂၀၁၉ခုနှစ်၊ ၁၆ရက်တာ လူထုအသိပညာပေးလှုပ်ရှားမှု လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ(ဒုတိယအကြိမ်)သို့ မွန်ပြည်နယ် MWCDFအသင်း ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါသည်။

ကျန်းမာရေးအဟာရလှူဒါန်းခြင်း

ကျန်းမာရေးအဟာရလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်းနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အ ထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ ခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ ကျောက်ဖရုံ သီးဟင်းချို တို့ဖြင့် အသင်းအဖွဲ့ဝင်များမှ သွားရောက် ကျွေးမွေးလှူဒါန်းလျက်ရှိပါသည်။

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာတွင် လူမှုရေးကိစ္စကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သော သမီးငယ်လေးနှင့်တွေ့ဆုံ၍ သမီးငယ်လေး၏ အနာဂါတ်သာယာစေရန်ရည်ရွယ်ကာ နှစ်သိမ့်ဆွေးနွေးအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသမီးငယ်လေးများ၏ ဘဝလုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ လူသူအများမြင်နိုင်သည့် လမ်း/နေရာများတွင် ပအို့ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် အသိပညာပေးပိုစတာများ ကပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း

လားရှိုးမြို့ရှိ စစ်ဘေးရှောင်များအား အစားအသောက်များ နှင့် အလှူငွေများ ကူညီထောက်ပံ့ပေးခြင်း

(၁၉-၈-၂၀၁၉) ရက်နေ့ တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ရှမ်းပြည် နယ်မြောက်ပိုင်း)မှအသင်းဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ကိုးကန့်ချယ်ရီအမျိုးသမီး MWCDF အဖွဲ့၊လားရှိုးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်လားရှိုးမြို့ဒေသခံဘာသာပေါင်းစုံအဖွဲ့ကော်မတီဝင် များနှင့်အတူလားရှိုးမြို့၊သီရိမင်္ဂလာမန်ဆူရှမ်းဘုန်းကြီးကျောင်းတွင်ရှမ်းမြောက်နှင့်လားရှိုးဒေသအတွင်းမှ ရောက်ရှိလာ သောစစ်ဘေးရှောင်အမျိုးသမီးများမွေးကင်းစကလေးအပါအဝင်ကလေးငယ်များ၊မိသားစုများစုစုပေါင်း(၈၂၇)ဦးခန့် အားသွားရောက်အားပေးထောက်ပံ့ခဲ့ပါသည်။ MWCDF-NSS အသင်းမှ အလှူငွေ(ကျပ် ငါးသိန်း) ၊ ကိုးကန့်ချယ်ရီ အမျိုးသမီး /MWCDF အဖွဲ့ဝင်များမှစုပေါင်း အလှူငွေ(ကျပ်ငါးသိန်း ) ၊ လားရှိုးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ မှ အလှူဒါန်းငွေ (ကျပ်နှစ် သိန်း ) နှင့်