Uncategorized

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

  မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ နှင့်အဖွဲ့ဝင်များသည် (၉.၆.၂၀၁၆)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စုအတွင်းရှိ မအူလေးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာMWCDF  အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မျိုးဆမ်း ဦးဆောင်သော အဖွဲ့ဝင်များနှင့် အတူ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်း သူ(၂၄၁)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၄၀)ဒါဇင်၊ ကျောင်းဝတ်စုံ(၂၄၁)စုံ၊ ခဲတံ(၄၀) ဒါဇင်၊ ခဲဖျက်(၂၀)ဒါဇင်၊ ကလေး ထီး(၆၀)လက်၊ ကျေးရွာအတွင်းရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်သို့ စာစောင်အိတ်(၃)အိတ်၊ ကျေးရွာတွင်နေထိုင်လျှက်ရှိသော မသန်စွမ်းညီမ(၂)ဦးအား စားသောက်ကုန်(၅၅,၀၀၀)ကျပ်ဘိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။  

တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

တိုင်းရင်းသားပေါင်းစုံမိဘမဲ့ကျောင်းသူ ကလေးများအိပ်ဆောင်အဆောက်အဦးများအားလှူဒါန်းခြင်း

  မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များသည် ၂၀၁၅ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံ(ဘ.က)ကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်း အတွင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူကလေးများနေထိုင်သည့်အိပ်ဆောင်၊ စာသင်ခန်းများအား ကြည့်ရှုစစ်ဆေး ၍ လိုအပ်သောအကူအညီများပေးရန် မေးမြန်း၍ ဝတ္ထုငွေ(၅၀၀၀၀ိ/-)နှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။ ၂၀၁၅ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့တွင် အသင်းမှCECများနှင့်ရုံးအဖွဲ့တို့သည် ကျောင်းသူကလေးများအိပ်ဆောင် ဆောက်လုပ်လှူဒါန်းမည့်ကိစ္စအား အေးမေတ္တာစံ(ဘ.က)ကျောင်းသို့သွားရောက်၍ အိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာအားအသေးစိတ်ကြည့်ရှုခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် အေးမေတ္တာစံ(ဘ.က)ကျောင်း တွင် မိဘမဲ့ကျောင်းသူကလေးများနေထိုင်နေသည့် အဆောက်အဦးသည် လူဦးရေများပြား၍

ဒုတိယအကြိမ််မြောက် နွေရာသီ English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲ

နွေရာသီအားလပ်ရက်တွင် ကလေးသူငယ်များ အင်္ဂလိပ်စာတိုးတက်စေရန်အတွက် ရည်မှန်း၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ််မြောက် နွေရာသီ  English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲအား (၂၆.၅.၂၀၁၆)နေ့တွင် MWCDFရုံးချုပ်၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ် အမှုဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်၍ သင်တန်းဆင်းပွဲအားပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

  မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှဥက္ကဌဒေါက်တာ ဒေါ်ဝေဝေသာနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ရတနာစံပြဘုန်းတော်ကြီးပညာသင်ကျောင်းသို့သွားရောက်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက်(၁ဝး၁၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရတနာစံပြ(ဘ.က)ကျောင်းမှ ကျောင်းသား/သူ(၃၁၀)ဦး၊ ဆရာ/မ(၉)ဦးတို့ တက် ရောက်ခဲ့ပါသည်။ အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပထမဦးစွာကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနန္ဒိယသဒ္ဒမ္မဇောတိက ထံမှတရားနာယူပြီး သင်္ကန်းနှင့်ဝတ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းမှာ ကလေးများသည် နောင်တွင်ဖြောင့်မတ်တည်ကြည်သော၊ မွန်မြတ်သော စိတ်ထားနှင့် ရည်မှန်းချက်ထားရှိပြီး နိုင်ငံချစ်စိတ်မွေးမြူ၍ လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော