Myanmar

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၃)အစည်းအဝေးတက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၃)အစည်းအဝေးတက်ရောက်ခြင်း

(၂.၂.၂၀၂၃)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၃) အစည်းအဝေးသို့ MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်ခြင်း

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်ခြင်း

(၂၈.၁.၂၀၂၃)နေ့၊ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသို့ ပဲခူးတိုင်း MWCDF အသင်းမှ အသင်းသူ(၂)ဦးတက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်း MWCDf အသင်း၏ အသင်းဝင်အသစ်များ လက်ခံကြိုဆိုခြင်းအခမ်းအနား

ဧရာဝတီတိုင်း MWCDf အသင်း၏ အသင်းဝင်အသစ်များ လက်ခံကြိုဆိုခြင်းအခမ်းအနား

(၃၁.၁.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ဧရာဝတီတိုင်း MWCDF အသင်း၏ အသင်းဝင်အသစ်(၁၇)ဦးအား လက်ခံကြိုဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အ.လ.က အောင်စေတနာကျောင်း၏ ပညာရေးစုံညီပွဲတော် တက်ရောက်ခြင်း

အ.လ.က အောင်စေတနာကျောင်း၏ ပညာရေးစုံညီပွဲတော် တက်ရောက်ခြင်း

(၂၃.၁.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌတက်ရောက်၍ အသိပညာပေးစကားပြောကြားပြီး ထူးချွန်ဆရာမတစ်ဦးအား ဆုချီးမြှင့်ပေးခဲ့ပါသည်။

ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး အစည်းအဝေးတက်ရောက်ခြင်း

ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး အစည်းအဝေးတက်ရောက်ခြင်း

(၂၀.၁.၂၀၂၃)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် သော ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

(၁၉.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ တရားစာအုပ်၊ ဆေးဝါး၊ စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။