Myanmar

(၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး

(၂၅. ၅. ၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ (၃၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၂)ဦးနှင့် CECများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အသင်း၏ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အသင်း(၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးမှတ်တမ်းအရ အတည်ပြုရမည့် အချက်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့်မိခင်နှင့်ကလေးအား အသင်းမှကူညီထောက်ပံ့ခြင်း

(၂၃.၅.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်ဆေးရုံကြီးတွင် ၃ မွှာပူးမွေးဖွားသည့် တပ်ကုန်းမြို့နယ်၊ ကြံဘိုကျေးရွာမှ မိခင်နှင့်ကလေးတို့အား MWCDFအသင်းမှဒုဥက္ကဋ္ဌနှင့် CECများသည် လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပါသည်။

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၁၅.၅.၂၀၁၈)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အသင်းမှ ဒေါ်နီလာအေး(CEC)တက်ရောက်ဆွေးနွေးခဲ့ပါသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေသော သင်တန်းသား/သူများနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း

(၁၃.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှကြီးမှူး၍ ဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာသင်တန်းတွင် တက်ရောက်နေကြသည့် ဆရာ/မ(၁၆)ဦး၊ ကျောင်းသား/သူ(၃၆)ဦးနှင့်အတူ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အမျိုးသားပြတိုက်မှ တာဝန်ရှိသူများကလည်း အခန်းအလိုက်ထားရှိသော အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

မကွေးတိုင်း MWCDFအသင်းအဖွဲ့ဝင်များ ဖွဲ့စည်းပေးခြင်း

(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသနာ့ ဂုဏ်ရည် သီလရှင်(သင်)အမျိုးသမီးပညာရေးကျောင်းတွင် မကွေးမြို့မှ အမျိုးသမီးများနှင့် တွေ့ဆုံကာ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်းဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့ဝင်(၁၀)ဦး ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထို့နောက် MWCDFအသင်းအဖွဲ့ဝင်များအဖြစ် စိတ်ပါဝင်စားသူများအား အဖွဲ့ဝင်များပါဝင်နိုင်ရန် အသင်းအဖွဲ့ဝင် လျှောက်လွှာများ ပေးအပ်ခဲ့ပြီး အသင်း Activity ပြုလုပ်နိုင်ရန်အတွက် အလှူငွေ-(၁၅၀,၀၀၀)ကျပ်၊ အသင်းတီရှပ်များ၊ အသင်းပန်းရောင်လုံချည်များ၊ အသင်းမဂ္ဂဇင်း စာအုပ်များ၊ ဗလာစာအုပ်များ၊ အသင်းလက်ကမ်းစာစောင်များအား မကွေးမြို့ MWCDFအဖွဲ့ထံ ပေးအပ်ခဲ့ပါသည်။

သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းသို့ လှူဒါန်းခြင်း

သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းသို့ လှူဒါန်းခြင်း

(၁၀.၅.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CECများသည် မကွေးမြို့၊ သာသာနာ့ဂုဏ်ရည် သီလရှင်(သင်) အမျိုးသမီးပညာရေးကျောင်းသို့ရောက်ရှိကာ ကျောင်းထိုင်ဆရာကြီးအား အလှူငွေ-(၅)သိန်းကျပ်၊ လှူဘွယ်ခြင်းများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းစိမ်း/ဖြူပိတ်စများ၊ စာရေးကိရိယာများ၊ မင်္ဂလာစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ဖိနပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အသင်းအဖွဲ့ဝင် ဒေါက်တာနန္ဒာမွှန်း မှ ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော သီလရှင် ဆရာလေးများနှင့် ကျောင်းသား/သူများ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် သိမှတ်သားဖွယ်ရာအချက်အလက်များအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။