Myanmar

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

(၁၆.၉.၂၀၂၂)နေ့တွင် MWCDF အသင်းမှ CEC အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသော ပေါင်မပြည့်သည့် မွေးကင်းစ ကလေးငယ်များ၊ အထူးကြပ်မတ်ကုသဆောင်အတွင်းရှိ အခြားမွေးကင်းစကလေးလူနာ(၄)ဦးအတွက် ကလေးမိခင်များထံ အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၁၅.၉.၂၀၂၂ မှ ၁၇.၉.၂၀၂၂)နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် အသိပညာပေးသင်တန်းသို့ ပဲခူးတိုင်း MWCDF အသင်း အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ပါသည်။

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီသီလရှင်စာသင်တိုက်သို့ အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၂)တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၂)တက်ရောက်ခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၂/၂၀၂၂)သို့ MWCDF အသင်း တွဲဘက်အတွင်းရေးမှူး(၁)မှ တက်ရောက်၍ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၄.၉.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းနှင့် အလှူရှင်များစုပေါင်း၍ မကွေးမြို့ပေါ်ရှိ (ဘ.က)ကျောင်းများနှင့် သီလရှင်ကျောင်းများ စုစုပေါင်း-(၂၁)ကျောင်းသို့ အခြေခံစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။