Myanmar

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

(၁၇.၁၂.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုး သမီးများ နှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်နီလာအေး သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

သန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့်အာဟာရများ ကျွေးမွေးခြင်း

သန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့်အာဟာရများ ကျွေးမွေးခြင်း

(၁၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း သို့သွားရောက်၍ အစာအုပ်စု အကြောင်းဆွေးနွေးခြင်း တကိုယ်ရည်သန့်ရှင်းရေး၊ အတန်းသန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေး၊ မိမိအိမ် သန့်ရှင်းရေး၊ ရပ်ရွာသန့်ရှင်းရေး အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်းနှင့် မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများကို ရောင်စုံပန်းစက္ကူများ ဆုချီးမြှင့်ခဲ့ ပါသည်။ ထို့နောက် ကျောင်းသား(၁၅၀)ကျော်ကို အာဟာရများ ကျွေးမွေးခဲ့ပါသည်။

ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်ကျွေးမွေး လှူဒါန်းခြင်း

ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်ကျွေးမွေး လှူဒါန်းခြင်း

(၁၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ အလုပ်အမှုဆောင်များသည် ထားဝယ်မြို့ ဂရုဏာလက် မသန်စွမ်းသက်ငယ် ကလေးများပြုစုရာ ရိပ်မြုံသို့ သွားရောက်၍ အာဟာရကျွေးမွေးခြင်း၊ မုန့်များကျွေးမွေးခြင်း၊ ဘောလုံးများလှူဒါန်းခြင်း၊ ရောင်စုံစက္ကူထုပ်များ လှူဒါန်းခြင်းဖြင့် စွမ်းရည်သရုပ်ပြပွဲများ ပြသစေ၍ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။

အာဟာရကျွေးမွေးခြင်းနှင့် လူတော်လူကောင်း တစ်ဦးဖြစ်ရန် ကြိုးစားရမည့် အခြေခံ အချက်များကို ရှင်းလင်းပြခြင်

အာဟာရကျွေးမွေးခြင်းနှင့် လူတော်လူကောင်း တစ်ဦးဖြစ်ရန် ကြိုးစားရမည့် အခြေခံ အချက်များကို ရှင်းလင်းပြခြင်

(၁၃.၁၂.၂၀၁၉)ရက်နေ့တွင် တနင်္သာရီတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်များသည် ဇေယျာဘုမ္မိ တိုင်းရင်း သားပရဟိတကျောင်းတွင် အာဟာရကျွေးမွေးခြင်းနှင့် လူတော်လူကောင်း တစ်ဦးဖြစ်ရန် ကြိုးစားရမည့် အခြေခံ အချက်များကို ရှင်းလင်းပြခြင်းဖြင့် စိတ်ဓာတ်ခွန်အားများ ကို မြှင့်တင်ပေးခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်ချီးမြှင့်အားပေးခြင်း

အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်ချီးမြှင့်အားပေးခြင်း

(၁၅၊၁၁၊၂၀၁၉)ရက်နေ့ မှ (၁၅၊၁၂၊၂၀၁၉)ရက်နေ့အထိ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု ဒေါကလော်လဲ ကျေးရွာတွင် ကျေး/လက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်းတွင် မြို့နယ် MWCDF အသင်း၏ အပ်ချုပ်စက် ၅လုံးပါဝင်ကူညီခြင်းနှင့် သင်ကြားမှုအပိုင် တွင်လည်း MWCDF အဖွဲ့ဝင် အန်ဂျလိနာ မလေး မှ ကူညီသင်ကြားပေးခဲ့ပါ သည်။အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး (၁၆၊၁၂၊၂၀၁၉)ရက်နေ့ နံနက်၁၀နာရီအချိန်တွင် သင်တန်းဆင်းပွဲပြုလုပ်ရာ အခမ်းအနားတွင် ရှားတောမြို့နယ် MWCDF အသင်းနာယက ဒေါ်ခင်မာဝင်းနှင့်အဖွဲ့ တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။

(၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း

(၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း

(၁၆.၁၂.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ရုံးချုပ်)၌ (၃၇)ကြိမ်မြောက်ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်- *အသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ဝေဝေသာမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ *(၃၆)ကြိမ်မြောက် အစည်းအဝေးမှ လုပ်ဆောင်ပြီးစီးမှု များအား CECများ မှ ဆွေးနွေးတင်ပြခြင်း၊ *အသင်း၏ ဆောင်ရွက်ချက်များ၊ ငွေစာရင်းနှင့် ဘတ်ဂျက်လျာထားမှု၊ Project များနှင့် အစည်း အဝေးကိစ္စများ၊ တက်ရောက်ခဲ့သော အစည်းအဝေး များ၏ ဆွေးနွေးချက်များအား ရှင်းလင်းပြောကြားခြင်း၊ * အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အကြောင်းအား CECများမှ