အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်ချီးမြှင့်အားပေးခြင်း

(၁၅၊၁၁၊၂၀၁၉)ရက်နေ့ မှ (၁၅၊၁၂၊၂၀၁၉)ရက်နေ့အထိ ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု ဒေါကလော်လဲ ကျေးရွာတွင် ကျေး/လက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်းတွင် မြို့နယ် MWCDF အသင်း၏ အပ်ချုပ်စက် ၅လုံးပါဝင်ကူညီခြင်းနှင့် သင်ကြားမှုအပိုင် တွင်လည်း MWCDF အဖွဲ့ဝင် အန်ဂျလိနာ မလေး မှ ကူညီသင်ကြားပေးခဲ့ပါ သည်။
အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး (၁၆၊၁၂၊၂၀၁၉)ရက်နေ့ နံနက်၁၀နာရီအချိန်တွင် သင်တန်းဆင်းပွဲပြုလုပ်ရာ အခမ်းအနားတွင် ရှားတောမြို့နယ် MWCDF အသင်းနာယက ဒေါ်ခင်မာဝင်းနှင့်အဖွဲ့ တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်းသို့တက်ရောက်ချီးမြှင့်အားပေးခြင်း
%d bloggers like this: