Myanmar

ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်း

ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်း

(24.8.2019.)Myanmar Women and Children Development Foundation ( MWCDF)- မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းကြီး-ပဲခူးတိုင်းဒေသကြီးမှ အလုပ်အမှု ဆောင်များနှင့် အဖွဲ့ဝင်များစုပေါင်း၍ ပဲခူးမြို့၊ပန်းခြံကုန်းရပ် သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော်ဘုရားကြီး       ဘဒ္ဒ န္တသီရိန္ဒ (၇၈)နှစ်ပြည့် မွေးနေ့အလှူတော်တွင် ဝါဆိုသံဃာ(၃၇၇)ပါးတို့ အားဆွမ်းကြီးလောင်းလှူပူဇော်ခြင်းတွင်ပါဝင်လောင်းလှူခဲ့ကြပါသည်။

မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

မကွေးတိုင်း မြင်းကင်းမူလွန်ကျောင်းတွင် ရေရရှိစေရန်စက်ရေတွင်းတူးဖော်ပေးနေခြင်း

မြန််မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF)၏ မိတ်ဘက်အဖွဲ့အစည်းဖြစ်သော ဟောင်ကောင်နိုင်ငံ Sowers Action မှ မကွေးတိုင်း၊ မြင်းကင်းမူလွန်ကျောင်းတွင် လှူဒါန်းသည့် ၆လက်မ အကျယ် ပေ ၃၀၀ အနက် စက်ရေတွင်းတူးဖော်ပြီး၊ ရေသန့်စင်ပေးနေပြီဖြစ်ပါသည်။ မကြာမီအချိန်တွင် ဆိုလာပန့် တပ်ဆင်ပြီးပါက ကျောင်းအတွက် ရေအလုံအလောက် သုံးစွဲနိုင်မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါသည်။ စက်ရေတွင်းတူးဖော်ရေးတွင်  MWCDF (မကွေးတိုင်း)အသင်းမှ အလုပ်အမှုဆောင်အဖွဲ့သည်  (၁၆.၈.၁၉ မှ ယနေ့ ၂၄.၈.၁၉) ထိ နေ့စဉ် သွားရောက်ပြီး ကြီးကြပ်ခဲ့ကြပါ သည်။    

မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၂၂.၀၈.၂၀၁၉ မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေး(ရှမ်းတောင်) အသင်း ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ(၁) တွဲဘက်အတွင်းရေးမှူး အလုပ်အမူဆောင်များ ကဦးဆောင်၍ အလှူရှင်များနှင့်စုပေါင်းကာ မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းရှိ ကလေးသူငယ်ပေါင်း (၂၅၀)ဦးကို စားဝတ်နေရေးအဆင်ပြေစေရန်နှင့် ကျောင်းစာများသင်ယူနိုင်ရန် ဆွမ်းဆန်စိမ်းနှင့်ဆန်အလှူပွဲလေးကို အလှူရှင်များကိုယ်စား လှူဒါန်း ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ ကလေးများအတွက် ပျော်ရွှင်စွာကစားနိုင်ရန်အရုပ်များ နှင့် ချိုချဉ်များကိုလည်း လှူဒါန်းပေးခဲ့ကြပါသည်။ အလှူရှင်များအတွက် သာဓု သုံးကြိမ်ခေါ်ဆိုတော်မူကြပြီး အပူအပင်ကင်းစွာ ကျန်းမာချမ်းသာကြပါစေ ၁

ရေဘေးသင့်ခဲ့သောပြည်သူများအား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသောတပ်မတော်သားများအားအစားအသောက်များနှင့်အ၀တ်အထည်များလှူဒါန်းခြင်း

ရေဘေးသင့်ခဲ့သောပြည်သူများအား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသောတပ်မတော်သားများအားအစားအသောက်များနှင့်အ၀တ်အထည်များလှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ CECများ နှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ် ရေဘေးသင့် ခဲ့သော အိမ်ထောင်စုများ၊ ပျက်စီးသွားသော လမ်းများ အား စိတ်ရင်းစေတနာဖြင့် ကူညီပေးခဲ့ကြသော နယ်မြေ ခံတပ်ရင်းမှ တပ်မတော်သားများအတွက် စောင်၊ ခြင်ထောင်၊ စားသောက်စရာများ၊ အဝတ်အထည်များ၊ ဆိုလာမီးအိမ်များ၊ ပုဇွန်ခြောက်ကြော်များ၊ လက်ဖက် အကြော်စုံများအား တပ်ရင်းတွင်ရှိသော အရာရှိများနှင့် မိသားစုများထံသို့ပေးအပ်ခဲ့ကြပါသည်။  

ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေး များအတွက်ဗလာစာအုပ်များ၊ မုန့်များလှူဒါန်းခြင်း

ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေး များအတွက်ဗလာစာအုပ်များ၊ မုန့်များလှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ(CEC)နှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်ရှိ ရေနစ်မြုတ်ခဲ့သော အမှတ်(၅)မူလွန်ကျောင်းသို့ သွား ရောက်၍ ကျောင်းသား/သူကလေး များအတွက် ဗလာ စာအုပ်(၈၀)ဒါဇင်၊ မုန့်ဖါ(၁)ဖါ၊ ဘီစကစ် အထုတ်ကြီး(၄)ထုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး၊ KGကျောင်းသား /သူကလေး များအား မုန့်ထုတ်များပေးဝေခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအားအစားအသောက်နှင့်အသုံးအဆောင်များ ထောက်ပံ့လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအားအစားအသောက်နှင့်အသုံးအဆောင်များ ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)ရက်နေ့တွင် MWCDF အသင်းမှ CECများနှင့် ပြည်နယ်အဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ဘက္က လယ်ခြံစုသို့ သွားရောက်ခဲ့ပြီး ရေနစ်မြုတ်ခဲ့သော အိမ်ထောင်စု(၃၅)စုအတွက် စောင်၊ မျက်နှာသုတ်ပုဝါ၊ ခြင်ထောင်၊ အဝတ်အထည်၊ ဆေးအိတ်၊ ဖျာများ၊ ဖယောင်း တိုင်၊ ပုဇွန်ခြောက်ကြော်၊ လက်ဖက်အကြော်စုံများ၊ ငါးသေတ္တာများနှင့် ကျောင်းသား(၂)ဦးအတွက် ဗလာစာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီး ၎င်းခြံစုအတွင်းတွင် သတင်းသုံးနေသော ဓမ္မိကာရုံဘိုကလေးတောရကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးက္ကုန္ဒဝုဓအား ဖူးမျော်ကန်တော့၍ သင်္ကန်း၊ မုန့်ဖါ၊ ခေါက်ဆွဲခြောက်ဖါနှင့် ၀တ္ထုငွေများအား ပေးအပ်လှူဒါန်း၍ တရားနာယူခဲ့ကြပါသည်။