မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

၂၂.၀၈.၂၀၁၉

မြန်မာနိုင်ငံ အမျိုးသမီးများ နှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေး(ရှမ်းတောင်) အသင်း ဥက္ကဌ သုဓမ္မသိင်္ဂီ ဒေါ်ကေသီအောင်နှင့် ဒုဥက္ကဋ္ဌ(၁) တွဲဘက်အတွင်းရေးမှူး အလုပ်အမူဆောင်များ ကဦးဆောင်၍ အလှူရှင်များနှင့်စုပေါင်းကာ မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းရှိ ကလေးသူငယ်ပေါင်း (၂၅၀)ဦးကို စားဝတ်နေရေးအဆင်ပြေစေရန်နှင့် ကျောင်းစာများသင်ယူနိုင်ရန် ဆွမ်းဆန်စိမ်းနှင့်ဆန်အလှူပွဲလေးကို အလှူရှင်များကိုယ်စား လှူဒါန်း ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။
ကလေးများအတွက် ပျော်ရွှင်စွာကစားနိုင်ရန်အရုပ်များ နှင့် ချိုချဉ်များကိုလည်း လှူဒါန်းပေးခဲ့ကြပါသည်။
အလှူရှင်များအတွက် သာဓု သုံးကြိမ်ခေါ်ဆိုတော်မူကြပြီး အပူအပင်ကင်းစွာ ကျန်းမာချမ်းသာကြပါစေ
၁ – ဦးသိန်းဌေး+ ဒေါ်မိုးမိုးအေး မိသားစု မှ ဆန် (၂) အိတ်
၂ -ဦးစိုးမိုးထွန်း + ဒေါ်တင်မေဝင်းမိသားစု မှ ဆန် (၁၀)အိတ်
၃- ကိုစည်သူအောင်+ ဒေါ်အေးနန္ဒာဝင်း, သားမောင်ဖုန်းထက်မြင့်, သမီးထိပ်ထားစည်သူ
မိသားစုမှ ဆန် (၅)အိတ်
၄- ဦးမျိုးမြင့်+ ဒေါ်သက်သက်ခိုင်, သမီး မယွန်းသီရိ, သား စွမ်းသူရိန် မိသားစု မှ ဆန် (၁)အိတ်
၅- ဦးတည်ကြည်လင်း + မမိုးစက်ပွင့်, သမီးလငိးမြင့်မြတ်နိုး, သားထက်မြက်လင်း မိသားစုမှ ဆန် (၁)အိတ်
၆- ဒေါက်တာသန်းဇော်ဦး+ ဒေါ်နန်းဇာနည်, သမီး နန်းစာမြတ်မိုး မိသားစုမှ ဆန် (၂)အိတ်
၇- ဦးစိုင်းလောင်ဟိန်း+ ဒေါ်ယုလေးနွယ်မိသားစုမှ ဆန်(၁)အိတ်
၈- ဦးချမ်းသာမိသားစုမှ ဆန် (၅)အိတ်
၉ – ဦးချမ်းဝေမျိုး Future Galore And More Co.Ltd မိသားစု မှ ဆန် (၁)အိတ်
၁၀- Dr. စိုးမိုးအောင် + ဒေါ်စဝ်ဇာကြည်, ရွှေဇီဝ Co.Ltd မိသားစုမှဆန် (၁၀)အိတ်
၁၁- ဒေါက်တာဇာနည်အေးဝင်း +ဒေါက်တစုမြတ်စန္ဒီပန်ဆန်(၅) အိတ်
၁၂-ဦးဝင်းနိုင်+ဒေါ်စောနှင်းပိုင်(ခ)ပိုပို, သား မောင်းလင်းမြတ်မိသားစုမှ ဆန် (၁)အိတ်, ဆား (၁၀)ပိဿာ
စုစုပေါင်းတန်ဖိုးငွေ(၁၂၁၀၀၀၀)ကျပ်ရရှိထားပြီးဆန်အိတ်ပေါင်း (၄၄) ၊ ကလေးကစားစရာများ၊ မုန့်များကို အားလုံးပူးပေါင်းပါဝင်ကာ လှူဒါန်းခဲ့ကြပါသည်။
MWCDF-sss အသင်းကြီးနှင့်အလှူရှင်မိသားစုများအတွက် ဆရာတော်မှ အင်မတန်ဂုဏ်ယူဝမ်းသာမိကြောင်း တကယ့်ကို မူးယစ်သားကောင်များ ဘဝများထဲက ကယ်တင်လျက် ပညာသင်ကြားနေသောအပြစ်မဲ့ကလေးများကို မိမိတို့အသင်းက တတ်အားသရွေ့အလှူရှင်များနှင့်ပူးပေါင်းကာ ဝေးလံပြီး လူသူအရောက်အလာနည်းသော အလှူရှင်နည်းပါးသောနေရာများသို့ လာရောက်လှူဒါန်းမှုအတွက် သာဓုသုံးကြိမ်ခေါ်ဆိုပါကြောင်း မိန့်တော်မူခဲ့ပါသည်။

ပါလှိုင်းအားမာန်သစ် ပရဟိတဘက ကျောင်း သို့သွားရောက်လှူဒါန်းခြင်း
ပါလှိုင်းအားမာန်သစ် ပရဟိတဘက ကျောင်း သို့သွားရောက်လှူဒါန်းခြင်း
မိုင်းပျဉ်းဒေသ ဟိုပုံးမြို့နယ် ပါလှိုင်းအားမာန်သစ် ပရဟိတ ဘက ကျောင်းသို့သွားရောက်လှူဒါန်းခြင်း
%d bloggers like this: