ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းမှ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ သစ်ခြောက်ပင်ကျေးရွာ အ.မ.က ကျောင်းတွင် ရပ်ရွာလူကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ မိဘများနှင့်တွေ့ဆုံဆွေးနွေး ခြဲ့ကရာ ၎င်းကျေးရွာရှိ အိမ်ထောင်စုများသည် စစ်ဘေးဒဏ်ခံခဲ့ရ၍ ဆင်းရဲနွမ်းပါးကြပါသည်။ အသင်းအဖွဲ့ဝင်များမှ အ.မ.က ကျောင်းတွင် ပညာသင် ကြားနေသော ကလေးငယ်များ၏ ပညာရေးအတွက် ကူညီထောက်ပံ့ရန် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် ရပ်ရွာလူကြီးမိဘများအနေဖြင့် ကလေးများ၏ ပညာရေးကိုအလေးထားပေးကြဖို့နှင့် စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် အားပေးစကားများကိုလည်း ပြောကြားခဲ့ကြပါသည်။

ထို့နောက် မိမိတို့ အသင်းမှ ကျောင်းတွင် ပညာသင်ကြား နေသော ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံနေရ သည့်ကလေးများကို ကျောင်းနေပျော်၍ စာတတ်စေရန်၊ ကလေးသူငယ် အခွင့်အရေးများရရှိစေရန် ၊ ကလေးတိုင်း စာသင်ကျောင်း ထဲရောက်လာအောင်ရည်ရွယ်၍ ကလေးသူငယ်များ၏ ဘဝမြှင့်တင်ခြင်းအလို့ငှာ ကလေးများ ကျောင်းတက်ချိန် တွင် လိုအပ်သော စာအုပ်/ ခဲတံ/ ခဲဖျက်/ ပေတံ/ မိုးကာ/ ခြင်း/ ထမင်းဘူး/ ရေဘူး/ ကျောပိုး အိတ်/ ဖိနပ်/ မုန့် စသည့် ကလေးတွေလိုအပ် သော ပစ္စည်းများကို မိမိတို့ အသင်းမှ ပစ္စည်းတန်ဖိုး စုစုပေါင်း လှူဒါန်းငွေ-

ဒေါ်ကေသီအောင်မိသားစု= ၁၀၀,၀၀၀

ဒေါ်သန္တာ မင်းမိသားစု= ၁၅၀,၀၀၀

မနန်းလှသန်း=၂၃၀,၀၀၀

ဒေါ်နန်ဝင်းကြည်= ၄၇,၀၀၀

ဒေါက်တာဇာနည်အေးဝင်း = ၅၀,၀၀၀

နန်းသဥ္ဇာထူး, ဒေါက်တာဇာနည်အေးဝင်း, ကိုကြည်လေး, မနန်းဆိုင်နွမ်း, မနန်းခင်ထားဦး, မြတ်မြတ်မိုး = ၁၇၈,၀၀၀

စုစုပေါင်းတန်ဖိုး =(၇၅၅,၀၀၀)ကျပ် အကုန်အကျခံကာ ရပ်ရွာလူကြီးမိဘများနှင့်အတူ ကလေးများကိုပေးအပ် လှုဒါန်းခဲ့ကြပါသည်။

ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း
ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း
ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း
%d bloggers like this: