ဇေယျာသီရိ သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်လှူဒါန်းခြင်း


(၁.၁၁.၂၀၁၉) မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ CECများနှင့် တောင်ငူမြို့ MWCDFအဖွဲ့ဝင်တို့သည် အသင်းမှ နှစ်စဉ်လှူဒါန်းလျက်ရှိသော တောင်ငူမြို့၊ ဇေယျာသီရိ သီလရှင် စာသင်တိုက်ရှိ မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ ဆရာလေး နှင့်တွေ့ဆုံကာ မိဘမဲ့ကျောင်းတွင်ရှိသော ကျောင်းသူများအတွက် အသင်းမှ အလှူငွေ-(၅၀,၀၀၀)ကျပ်၊ ဆီ၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာအမွှေးခဲများ၊ အဝတ်လျှော် ဆပ်ပြာရည် ဘူးများ၊ ဖယောင်းတိုင်၊ ခေါက်ဆွဲခြောက်ထုပ်၊ ခြင်ဆေးခွေများ နှင့် အလှူရှင် CECများ မှ အလှူငွေ(၈၅,၀၀၀)ကျပ်၊ ဆန်(၂)အိပ် တို့အား ဆရာလေးထံ လှူဒါန်းခဲ့ပါသည်။
ဆက်လက်ပြီး ဂေဟာမှပြုစုစောင့်ရှောက်ထားသော အနာဂတ်၏ ကြယ်ပွင့်ကလေးငယ်များကို နွေးထွေးကြင်နာသောမေတ္တာများ ပေးဝေခဲ့ကြပြီး ဆရာလေးနှင့် ဆရာမကြီးကိုလည်း အားပေးစကား များပြောကြားခဲ့ကြပါသည်။

အလှူငွေလှူဒါန်ူခြင်း
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်လက်ခံခြင်း
အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း
ဇေယျာသီရိ သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: