ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၁၁.၂၀၁၉)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာကြီးအား MWCDFအသင်း CECများမှ စုပေါင်း၍ အလှူငွေ-(၁,၅၀၀,၀၀၀)ကျပ်နှင့် သီလရှင်ဝတ်စုံများ၊ ဆန်၊ ဆီ၊ သွားတိုက်ဆေး၊ ဘီစကွတ်မုန့်ထုပ်များနှင့် လှူဘွယ် ပစ္စည်းစုံခြင်းများ လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ MWCDFအသင်း ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် စာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား နေ့ဆွမ်းလောင်း လှူခဲ့ကြပါသည်။

ခေမာရာမသီလရှင် စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း
%d bloggers like this: