လူမှုကူညီမှု့ လှူဒါန်းခြင်း

(၁၃.၁၁.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ လူမှုရေးအရနစ်နာ ဆုံးရှုံးမှုဖြစ် ခဲ့သော သမီးငယ်လေးကို ကျောင်းဆက်လက် တက်ပြီး လူမှုဘဝ ပြန်လည်မြှင့်တင်ခြင်းအကျိုးရည်မှန်းကာ အသင်းမှ ကြည့်ရှုစောင့်ရှောက်ခဲ့သော(၃)လ အတွင်း ဆေးရုံဆေးခန်းတွင် ကျန်းမာရေးအတွက် သားဖွားမီး ယပ်ပါရဂူနှင့်တွေ့ဆုံကာ ကိုယ်ဝန်ဆောင်စောင့်ရှောက် ပေးခြင်းနှင့် သမီးငယ်လေး ကိုမွေးဖွားပြီးသည့် အထိ တာဝန်ယူခဲ့ပါသည်။

သမီးလေး ဘဝ သာယာဖြောင့်ဖြူးအောင် ကူညီစောင့် ရှောက်ပေးသည့်အနေဖြင့် အသင်း၏ ဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင်မှ ငွေကျပ် (၇) သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သမီးလေး မီးဖွားမှုအစုစုအတွက် ဆေးဝါးကုန်ကျစရိတ် များကို အခမဲ့ကူညီပေးခဲ့သော ခိုင်မေတ္တာဆေးရုံနှင့် မေတ္တာဖြင့် ကုသပေးခဲ့ကြသော ဆေးရုံမှ သားဖွားမီး ယပ်ပါရဂူကြီးများ၊ ကလေးပါရ ဂူကြီးများ၊ မေ့ဆေး ပါရဂူကြီးများ၊ တာဝန်ကျဆရာဝန်၊ ဆရာမများ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါသည်။

နတ်လူသာဓုခေါ်စေသော်

“ လုံခြုံလှပ ဘဝများအမျိုးသမီးနှင့်ကလေးတိုင်းရစေသား”

လူမှုကူညီမှု့ လှူဒါန်းခြင်း
%d bloggers like this: