မအူလေးပင်ကျေးရွာ MWCDF အသင်းခွဲအားသွားရောက်တွေ့ဆုံခြင်း

(၁၄.၁၁.၂၀၁၉)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူး နှင့် CECအဖွဲ့ဝင်များသည် ဥတ္တရသီရိ မြို့နယ်၊ မအူလေးပင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာစာကြည့်တိုက်တွင် ကျေးရွာ MWCDF အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် အတွင်းရေးမှူးမှ ကျေးရွာအတွင်းတွင် ကျေးရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာ MWCDFအဖွဲ့အား ၂၀၁၄ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပြီး ကျေးရွာအတွက် လိုအပ် သည်များကို တက်နိုင်သမျှ ထောက်ပံ့လှူဒါန်း ပေးနေမှုများကိုလည်း တွေ့မြင်ရသည့်အတွက် ဝမ်းသာ မိပါကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌ၊ ရပ်မိရပ်ဖ များနှင့် ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်သွားကြပါရန် ပြောကြားခဲ့ပါသည်။

ကျေးရွာMWCDFအဖွဲ့များမှလည်း အသင်းမှစုထား သောငွေဖြင့် ကျေးရွာ၏ သာရေး၊ နာရေးများတွင် လှူဒါန်းခြင်း ကျောင်းသား/သူများကို အာဟာရ ကျွေးခြင်း၊ ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့ခြင်း၊ ဆေးရုံတက် ရောက် ကုသရန်ခက်ခဲသော ကျေးရွာသူ/သားများအား ငွေကြေးထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ကျောင်းပိတ်ရက် ကျေးရွာစာကြည့်တိုက်တွင် အသိပညာ ပေး ကာတွန်းများ ပြသပေးခြင်း၊ စာအုပ်များ ငှားရမ်းဖတ် ရှုခြင်းများဆောင်ရွက်ပေးခဲ့ပြီး စာကြည့်တိုက်သို့လာ ရောက်ကြသော ကျောင်းသား/သူများ အားလည်း အာဟာရဖြစ် မုန့်၊ အအေးများ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ကျေးရွာစာကြည့်တိုက်အား ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်၍ ကျောင်းသား/သူများအား ဗဟု သုတဖြစ်ဖွယ် ကာတွန်း Videoများ ဖွင့်လှစ်ပြသခြင်းနှင့် စာအုပ်များ ငှားရမ်း နေမှုများအား စေတနာဖြင့် မှတ်တမ်းဆောင်ရွက် ပေးနေသော မပွင့်ပွင့်အားလည်း လစဉ်(၂၀၀၀၀)ကျပ် နှုန်းဖြင့် ဒီဇင်ဘာလအထိ(၅)လစာ တစ်သိန်းကျပ်ကို အသင်းCECဒေါ်အေးအေးခိုင် မိသားစုမှ လှူဒါန်းပေးခဲ့ပြီး ကျေးရွာ ဥက္ကဋ္ဌ အား အမှတ်တရ လက်ဆောင်ပေးအပ် ခြင်း၊ ကျေးရွာMWCDFအဖွဲ့များအား ထောက်ပံ့ငွေ- (၈၀၀၀၀)ကျပ်နှင့် လုံချည်များ၊ ဖယောင်းတိုင်များ၊ အမွှေးဖယောင်းတိုင်များ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ကာ ကျောင်းထိုင်ဆရာတော် ဦးသောပါက အား ဖူးမျှော်ပြီး အသင်းCECများမှ လှူဒါန်းသော ၀တ္ထုငွေ-(၁၁၀,၀၀၀) ကျပ်၊ ခြုံစောင်၊ မျက်နှာသုတ်ပုဝါနှင့် ဖယောင်းတိုင်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ အသင်းအဖွဲ့ဝင်များသည် အသင်းမှ ကူညီထောက်ပံ့လျက်ရှိသော မသန်စွမ်းညီမ(၂)ဦး နေအိမ်သို့ သွားရောက်၍ စားသောက်စရာများ ပေးအပ်ကာ စိတ်ဓါတ်ခွန်အားဖြစ်စေမည့် အားပေး စကားများ ပြောကြားခြင်း နှင့် မသန်စွမ်းညီမ(၂)ဦး၏ ကျန်းမာရေးအခြေအနေများ မေးမြန်းခြင်း၊ အသင်းမှ ထောက်ပံ့ပေးထားသော နွားနှစ်ကောင်မှာ ယခု နွားလေးကောင်အထိ တိုးပွားလာနေခြင်း ကြောင့် ဝမ်းသာမိပါကြောင်း ပြောကြားခဲ့ပါသည်။

အမှတ်တရလက်ဆောင်ပေးအပ်ခြင်း
ရပ်ရွာ အကျိုးပြု ကိစ္စရပ်များ အားတွေ့ဆုံဆွေးနွေးခြင်း
အမှတ်တရလက်ဆောင်ပေးအပ်ခြင်း
မအူလေးပင်ကျေးရွာ MWCDF အသင်းခွဲအားသွားရောက်တွေ့ဆုံခြင်း
%d bloggers like this: