မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း နှင့် Myanmar First Financial Group Co.,Ltdတို့ အသင်းရုံး အဆောက်အဦးဆောက်လုပ်လှူဒါန်းခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနား

Media of Signing Ceremony, MFFG_files
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းရုံးချုပ်တွင် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၁)ရက်နေ့ နံနက်(၁ဝးဝ၀)နာရီတွင် အသင်းရုံးအဆောက်အဦးဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားအားကျင်းပခဲ့ရာ MWCDFဥက္ကဌ၊ ဒု-ဥက္ကဌနှင့်CEC များ၊ Myanmar First Financial Group Co.,Ltdမှ ဥက္ကဌဖြစ်သူ Mr.Duan Zengliနှင့်ဇနီး၊ ဧည့်သည်တော်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် MWCDFအသင်းဥက္ကဌ၊ MFFG Co.,Ltdဥက္ကဌတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ပြီး MWCDFအသင်း ဒု-ဥက္ကဌမှ MFFG Co.,Ltdမှ MWCDFအသင်းရုံးဆောက်လုပ်လှူဒါန်းခြင်းအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ၁၁း၃ဝချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
image008

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း နှင့် Myanmar First Financial Group Co.,Ltdတို့ အသင်းရုံး အဆောက်အဦးဆောက်လုပ်လှူဒါန်းခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနား

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: