Myanmar

အစည်းအဝေး တက်ရောက်ခြင်း

အစည်းအဝေး တက်ရောက်ခြင်း

(၁၃.၁၁.၂၀၁၉)ရက်နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူ းနှင့် CECတို့သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနာမှ ကျင်းပပြုလုပ်သော လိင်အကြမ်းဖက်မှု တာဆီးကာကွယ်ရေးဆိုင်ရာ အမျိူးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ် ပြုလှူဒါန်းခြင်း

တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ် ပြုလှူဒါန်းခြင်း

(၁၁.၁၁.၂၀၁၉)တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့၊ ဓာတုဇယဓာတ်ပေါင်းစု စေတီ၌ နေပြည်တော်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကျင်းပပြုလုပ်သည့် နိဗ္ဗာန်စျေးပွဲတော်တွင် လာရောက်ကြသော ပြည်သူများအား မယ်ဇလီဖူးသုပ်များ ကျွေးမွေးခြင်းနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း မဲဖောက်၍ လှူဒါန်းပေး ခဲ့ကြပါသည်။ အဆိုပါ နိဗ္ဗာန် စျေးပွဲတော်သို့ MWCDFအသင်းဗဟိုမှ အတွင်းရေးမှူး နှင့် CECမှ သွားရောက်ကာ နေပြည်တော်တိုင်း အဖွဲ့ဝင် များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော်

“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း

“ ရှမ်းရိုးမဘိုးဘွားရိပ်သာ” ၌ ကျွေးမွေးလှူဒါန်းခြင်း

(၁၁.၁၁.၂၀၁၉)တန်ဆောင်မုန်းလပြည့်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးများဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကူနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် “ ရှမ်းရိုးမဘိုးဘွားရိပ်သာ” သို့သွားရောက်၍အဖိုး/အဖွားများကို တစ်ရက်စာအာဟာရ ကျွေးမွေး လှူဒါန်းခြင်း၊ ဆေးဝါး/ဆပ်ပြာ/ဆီ နှင့် အဖိုး/အဖွား တစ်ဦးလျှင့် ငွေ (၃၀၀၀)ကျပ်ထောက်ပံ့ကာ မျိုးဆက်သစ်မောင်မယ်များက ရိပ့်သာအတွင်း ရေချိုးခန်း၊ အိမ်သာ ကစလို့ သန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူခဲ့ကြပါသည်။ ထို့နောက် အဖိုး/အဖွားများကို အားပေးစကား ပြောကြားပြီး အဖိုး/အဖွားများ ပျော်ရွှင်စေရန် သီချင်းများသီဆို ကခုန်မှုများလည်း ကလေးများက ပြုလုပ်ခဲ့ကြပါသည်။ နတ်လူသာဓုခေါ်စေသော်

ဇေယျာသီရိ သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာသီရိ သီလရှင်စာသင်တိုက်နှင့် မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့ သွားရောက်လှူဒါန်းခြင်း

(၁.၁၁.၂၀၁၉) မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာ၊ CECများနှင့် တောင်ငူမြို့ MWCDFအဖွဲ့ဝင်တို့သည် အသင်းမှ နှစ်စဉ်လှူဒါန်းလျက်ရှိသော တောင်ငူမြို့၊ ဇေယျာသီရိ သီလရှင် စာသင်တိုက်ရှိ မိဘမဲ့အမျိုးသမီးကလေးများ ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ ဆရာလေး နှင့်တွေ့ဆုံကာ မိဘမဲ့ကျောင်းတွင်ရှိသော ကျောင်းသူများအတွက် အသင်းမှ အလှူငွေ-(၅၀,၀၀၀)ကျပ်၊ ဆီ၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာအမွှေးခဲများ၊ အဝတ်လျှော် ဆပ်ပြာရည် ဘူးများ၊ ဖယောင်းတိုင်၊ ခေါက်ဆွဲခြောက်ထုပ်၊ ခြင်ဆေးခွေများ နှင့် အလှူရှင် CECများ မှ

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

(၃၁.၁၀.၂၀၁၉)ရက်နေ့တွင် တောင်ကြီးမြို့၊ ဟုတ်ကြန့်ခန်းမ၌ ဥပဒေမူကြမ်းရေးစွဲရေးကော်မတီမှ ကျင်းပပြုလုပ်သော ရေဝေရေလဲဒေသများတွင် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်း ပြည်သူလူထုကြားနာခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF-SSS)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း

ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း

(၃၀.၁၀.၂၀၁၉)ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသရှိ ဖာလှိုင်းပရဟိတကျောင်းကို လွန်ခဲ့(၂)လခန့် ကျောင်းသားကျောင်းသူများအတွက် ဆန်ပြတ်လပ်မှုအဆင်မပြေမှုအား သွားရောက်လှုဒါန်းရင်း ပရဟိတ ကျောင်းအတွင်း ကလေးသူငယ်များအတွက် ကျန်းမာရေးစောက်ရှောက်မှုလိုအပ်နေသည့်အတွက် ဆရာတော် အား ကျောင်းသား/သူထဲမှ အကူသူနာပြု ဝါသနာပါသောကလေးရှိပါက ခိုင်မေတ္တာဆေးရုံ အကူသူနာပြု သင်တန်းကျောင်းတွင် တက်ရောက်ကာသင်တန်းပြီးပါက ဆရာတော်ကျောင်းတွင် ပြန်လည်ခန့်အပ်ကာ ကလေးတွေကို စောက်ရှောက်စေလိုတာကြောင့် MWCDF Southern Shan State မှ သင်တန်းကြေး ပေးသွင်းကာ ဆယ်တန်းကလေးမ(၂)ဦးကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကြေး(၂)ယောက်စာ တစ်ယောက်လျှင်(၆)လစာ-(၃၀၀,၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၆၀၀,၀၀၀)ကျပ် ထောက်ပံ့လှုဒါန်းကာ တာဝန်ယူ ပေးခဲ့ပါသည်။