Myanmar

မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်လှူဒါန်းခြင်း

မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့သွားရောက်လှူဒါန်းခြင်း

(၁၀.၉.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ကချင်ပြည်နယ်)ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ၏ မွေးနေ့အလှူအဖြစ် စီတာပူ ဂျပန်လမ်းထိပ်ရှိ မိဘမဲ့ကလေးများဖွံ့ဖြိုးရေးဂေဟာသို့ ပြည်နယ်အဖွဲ့ဝင် များနှင့်အတူ စားသောက်စရာများ သွားရောက်လှူဒါန်း ပေးခဲ့ပါသည်။

အစည်းအဝေးအခမ်းအနား တက်ရောက်ခြင်း

အစည်းအဝေးအခမ်းအနား တက်ရောက်ခြင်း

MWCDF(SSS) အဖွဲ့မှ အခမ်းအနားတက် ရောက်ခြင်းမှတ်တမ်း ယနေ့ (၇.၉.၂၀၁၉)ရက်နေ့တွင် လှုမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်ဒေသခံ ပြည်သူများ /ပရဟိတအဖွဲ့အစည်းများတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ မြန်မာတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ လက်အောက်ရှိ အဖွဲ့(၇) ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်နယ်ခရိုင် မြို့နယ်အလိုက် အဆင့်ဆင့်ဖွဲ့စည်းကာ လက်ရှိ အခြေအနေထက် ပိုမိုကျယ်ပြန့်စွာကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်နိုင်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။လာမည့် ၂၀၂၀ ရှမ်းပြည်နယ်တွင်ပြုလုပ်မည့် MCCT project အား ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံခဲ့ပါသည်။ ထို့ကြောင့် MWCDF

မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်ခြင်း

(၆.၉.၂၀၁၉)ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) မွန်ပြည်နယ်အသင်း မှ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်( ၉ ) လူကုန်ကူးမှု့တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှု့တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့ပါသည်။

ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၆.၉.၂၀၁၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ကြီးမူးကျင်းပပြုလုပ်သည့် ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေသော အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ပဲခူးတိုင်းဒေသကြီးမှ တိုင်းဥက္ကဌ ဒေါ်ခင်ဝတ်ရည် နှင့်အဖွဲ့ဝင်(၉)ဦးတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ECI၏အနာဂတ်မျှော်မှန်းချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာများနှင့် Help Lineမှ ဆောင်ရွက်နေမူများ၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ထိန်းသိမ်း ကာကွယ်ခြင်းများအား ဆွေးနွေးတင်ပြကြခဲ့ပါသည်။တန်ဖိုးအသိရှိသောအလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ ကျန်လူမူရေးအသင်းများလည်းတက်ရောက်ခဲ့ကြပါသည်။

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ နောင်ဆံဗာတ်ကျေးရွာတွင် လူမှုရေးကိစ္စကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သော သမီးငယ်လေးနှင့်တွေ့ဆုံ၍ သမီးငယ်လေး၏ အနာဂါတ်သာယာစေရန်ရည်ရွယ်ကာ နှစ်သိမ့်ဆွေးနွေးအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ အမျိုးသမီးငယ်လေးများ၏ ဘဝလုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ လူသူအများမြင်နိုင်သည့် လမ်း/နေရာများတွင် ပအို့ဘာသာစကား၊ မြန်မာဘာသာစကားများဖြင့် အသိပညာပေးပိုစတာများ ကပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း

ဆင်းရဲနွမ်းပါးကလေးနှင့် စစ်ဘေးဒဏ်ခံရတဲ့ကလေးများ ပျော်ပျော်ရွင်ရွင် ပညာသင်ကြားနိုင်ရန် ထောက်ပံ့ပစ္စည်း များပေးအပ်လှူဒါန်းခြင်း

(၄. ၉. ၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းမှ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ သစ်ခြောက်ပင်ကျေးရွာ အ.မ.က ကျောင်းတွင် ရပ်ရွာလူကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ မိဘများနှင့်တွေ့ဆုံဆွေးနွေး ခြဲ့ကရာ ၎င်းကျေးရွာရှိ အိမ်ထောင်စုများသည် စစ်ဘေးဒဏ်ခံခဲ့ရ၍ ဆင်းရဲနွမ်းပါးကြပါသည်။ အသင်းအဖွဲ့ဝင်များမှ အ.မ.က ကျောင်းတွင် ပညာသင် ကြားနေသော ကလေးငယ်များ၏ ပညာရေးအတွက် ကူညီထောက်ပံ့ရန် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် ရပ်ရွာလူကြီးမိဘများအနေဖြင့် ကလေးများ၏ ပညာရေးကိုအလေးထားပေးကြဖို့နှင့် စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် အားပေးစကားများကိုလည်း ပြောကြားခဲ့ကြပါသည်။ ထို့နောက်