မွန်ပြည်နယ်တွင် ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသော ပြည်သူများအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေး သူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ သွားရောက်ကူညီထောက်ပံ့ခြင်း

(၂၀.၈.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ တွဲဘက်အတွင်းရေးမှူးနှင့် CECအဖွဲ့ဝင်များသည် ရေကြီး၍ ရေဘေးဒဏ်ခံစားနေရသူများအား ကယ်ဆယ် ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရန် မော်လမြိုင်မြို့သို့ သွားရောက်ခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်MWCDF အဖွဲ့များနှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာ အုပ်စုတွင် မြေပြို၍ပျက်စီးသွားသော အိမ်ထောင်စု(၈) စုအား MWCDFအသင်းဗဟိုမှ စောင်၊ ခြင်ထောင်၊ တဘက်၊ မီးအိမ်များ၊ စာအုပ်၊ မုန့်များ၊ အဝတ်အထည် များအား အိမ်ထောင်စုတစ်စုချင်းစီအလိုက် ပေးအပ် လှူဒါန်းခဲ့ပြီး နှစ်သိမ့်အားပေး စကားများပြောကြား ခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ်













