၃နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ဓာတ်ပုံများ

Myanmar Women and Children Development Foundation


မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)သည် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆိုလာဖြင့်မီးရရှိရေးအတွက် အိန္ဒိယနိုင်ငံ Barefoot Collage နှင့်ချိတ်ဆက်ကာ ကျေးလက်ဒေသ မှအမျိုးသမီးကြီးများအား Solar Engineer သင်တန်းသို့တက်ရောက်စေကာ မိမိကျေးရွာမီးလင်းရေးအတွက် ကိုယ်တိုင်ဆောင်ရွက်စေရာ ဆက်သွယ်မှုခက်ခဲပြီးဖွံ့ဖြိုးမှုနောက်ကျသော၊ အထူးသဖြင့်နယ်မြေငြိမ်းချမ်းမှုရရှိ၍ စစ်ဘေးရှောင်စခန်းများမှ ပြန်လည်ရောက်ရှိအခြေပြုနေထိုင်သော ကျေးရွာများအပါအဝင် အိမ်ခြေ(၆၂၇)လုံး၊ ကျေးရွာ(၈)ရွာအား ရွာလုံးကျွတ်ဆိုလာမီးရရှိစေခဲ့ပါသည်။ အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များသည်(၂၀.၆.၂၀၁၆)ရက်နေ့ တွင်MWCDFအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားတွေ့ဆုံပြီး မြန်မာနိုင်ငံမှ Barefoot Collageတွင် Solar Engineer

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ နှင့်အဖွဲ့ဝင်များသည် (၉.၆.၂၀၁၆)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စုအတွင်းရှိ မအူလေးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာMWCDF အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မျိုးဆမ်း ဦးဆောင်သော အဖွဲ့ဝင်များနှင့် အတူ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်း သူ(၂၄၁)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၄၀)ဒါဇင်၊ ကျောင်းဝတ်စုံ(၂၄၁)စုံ၊ ခဲတံ(၄၀) ဒါဇင်၊ ခဲဖျက်(၂၀)ဒါဇင်၊ ကလေး ထီး(၆၀)လက်၊ ကျေးရွာအတွင်းရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်သို့ စာစောင်အိတ်(၃)အိတ်၊ ကျေးရွာတွင်နေထိုင်လျှက်ရှိသော မသန်စွမ်းညီမ(၂)ဦးအား စားသောက်ကုန်(၅၅,၀၀၀)ကျပ်ဘိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များသည် ၂၀၁၅ခုနှစ်၊ မေလ(၆)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံ(ဘ.က)ကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်း အတွင်းရှိ မိဘမဲ့ကျောင်းသား၊ ကျောင်းသူကလေးများနေထိုင်သည့်အိပ်ဆောင်၊ စာသင်ခန်းများအား ကြည့်ရှုစစ်ဆေး ၍ လိုအပ်သောအကူအညီများပေးရန် မေးမြန်း၍ ဝတ္ထုငွေ(၅၀၀၀၀ိ/-)နှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါ သည်။ ၂၀၁၅ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့တွင် အသင်းမှCECများနှင့်ရုံးအဖွဲ့တို့သည် ကျောင်းသူကလေးများအိပ်ဆောင် ဆောက်လုပ်လှူဒါန်းမည့်ကိစ္စအား အေးမေတ္တာစံ(ဘ.က)ကျောင်းသို့သွားရောက်၍ အိပ်ဆောင်ဆောက်လုပ်မည့် မြေနေရာအားအသေးစိတ်ကြည့်ရှုခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် အေးမေတ္တာစံ(ဘ.က)ကျောင်း တွင် မိဘမဲ့ကျောင်းသူကလေးများနေထိုင်နေသည့် အဆောက်အဦးသည် လူဦးရေများပြား၍

နွေရာသီအားလပ်ရက်တွင် ကလေးသူငယ်များ အင်္ဂလိပ်စာတိုးတက်စေရန်အတွက် ရည်မှန်း၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ််မြောက် နွေရာသီ English Language Proficiency Course ( Pre-Intermediate Level) သင်တန်းဆင်းပွဲအား (၂၆.၅.၂၀၁၆)နေ့တွင် MWCDFရုံးချုပ်၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ် အမှုဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်၍ သင်တန်းဆင်းပွဲအားပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။
