Myanmar

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

  မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှဥက္ကဌဒေါက်တာ ဒေါ်ဝေဝေသာနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ရတနာစံပြဘုန်းတော်ကြီးပညာသင်ကျောင်းသို့သွားရောက်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက်(၁ဝး၁၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရတနာစံပြ(ဘ.က)ကျောင်းမှ ကျောင်းသား/သူ(၃၁၀)ဦး၊ ဆရာ/မ(၉)ဦးတို့ တက် ရောက်ခဲ့ပါသည်။ အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပထမဦးစွာကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနန္ဒိယသဒ္ဒမ္မဇောတိက ထံမှတရားနာယူပြီး သင်္ကန်းနှင့်ဝတ္ထုငွေများ၊ လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းမှ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းမှာ ကလေးများသည် နောင်တွင်ဖြောင့်မတ်တည်ကြည်သော၊ မွန်မြတ်သော စိတ်ထားနှင့် ရည်မှန်းချက်ထားရှိပြီး နိုင်ငံချစ်စိတ်မွေးမြူ၍ လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ မီးရရှိရေးဆောင်ရွက်

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ် အမှုဆောင်များနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၂)ရက်နေ့တွင် MWCDFအမျိုးသမီးဖွ့ံဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်အဖြစ် ကျေးရွာမီးရရှိရေးဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အတွင်းရှိ နတ်ပေးရှမ်းစုကျေးရွာ၊ ပုသိမ်မြို့နယ်အတွင်းရှိ ကြောင်ပန်းကုန်းကျေးရွာ၊ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကညင်သုံးဆင့်ကျေးရွာ၊ တောင်ယာတန်းကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။ အဆိုပါကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရရှိသေးသောကျေးရွာများဖြစ်ပြီး အမျိုးသမီးစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆိုလာတပ်ဆင်ခြင်းသင်တန်းအား MWCDFအသင်းမှရွေးချယ်ကာ အိန္ဒိယနိုင်ငံ Barefoot Collageတွင် သင်တန်းတက်ရောက်စေခဲ့ပြီး အဆိုပါ အမျိုးသမီးကြီး(၆)ဦးပါဝင်သော ကျေးရွာကော်မတီဖွဲ့စည်းပေးကာ MWCDFအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော အိန္ဒိယနိုင်ငံ Barefoot

(MWCDF)ရုံးချုပ်သို့ Mizuho Bank, Ltdမှ တာဝန်ရှိသူများလာရောက်၍ အသင်းနှင့်ပတ်သက်သောကိစ္စများဆွေးနွေးခြင်း၊ အလှူငွေထည့်ဝင်လှူဒါန်းခြင်း

(MWCDF)ရုံးချုပ်သို့ Mizuho Bank, Ltdမှ တာဝန်ရှိသူများလာရောက်၍ အသင်းနှင့်ပတ်သက်သောကိစ္စများဆွေးနွေးခြင်း၊ အလှူငွေထည့်ဝင်လှူဒါန်းခြင်း

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၂)ရက်နေ့ နံနက်(၁ဝးဝ၀)နာရီတွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)ရုံးချုပ်၊ နေပြည်တော်သို့ Mizuho Bank,Ltdမှ Mr. Tetsuro Nonakaအဖွဲ့ရောက်ရှိ လာရာ MWCDFအသင်းမှဗဟိုအလုပ်အမှုဆောင်ဒေါ်စုညွန့်ဦးနှင့်အဖွဲ့ဝင်များမှကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး MWCDFအသင်း နှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေမှုများအားဆွေးနွေးကြပြီး အသင်းရည်ရွယ်ချက်များအတိုင်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေဒေါ်လာ(၁၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ဗဟိုအလုပ် အမှုဆောင်ဒေါ်စုညွန့်ဦးနှင့်အဖွဲ့ဝင်များမှလက်ခံခဲ့ပြီး အသင်းမှအမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း နှင့် Myanmar First Financial Group Co.,Ltdတို့ အသင်းရုံး အဆောက်အဦးဆောက်လုပ်လှူဒါန်းခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း နှင့် Myanmar First Financial Group Co.,Ltdတို့ အသင်းရုံး အဆောက်အဦးဆောက်လုပ်လှူဒါန်းခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) အသင်းရုံးချုပ်တွင် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၊ (၂၁)ရက်နေ့ နံနက်(၁ဝးဝ၀)နာရီတွင် အသင်းရုံးအဆောက်အဦးဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားအားကျင်းပခဲ့ရာ MWCDFဥက္ကဌ၊ ဒု-ဥက္ကဌနှင့်CEC များ၊ Myanmar First Financial Group Co.,Ltdမှ ဥက္ကဌဖြစ်သူ Mr.Duan Zengliနှင့်ဇနီး၊ ဧည့်သည်တော်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် MWCDFအသင်းဥက္ကဌ၊ MFFG Co.,Ltdဥက္ကဌတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး သဘောတူစာချုပ်လက်မှတ်ရေးထိုး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ပြီး MWCDFအသင်း ဒု-ဥက္ကဌမှ MFFG Co.,Ltdမှ MWCDFအသင်းရုံးဆောက်လုပ်လှူဒါန်းခြင်းအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင်ကျေးရွာကယ်ဆယ်ရေးစခန်းတွင် အလှူပစ္စည်းများပေးအပ်လှူဒါန်းခြင်း

    မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း MWCDF မှဒုဥက္ကဌ ဒေါ်သူဇာဝေ ဦးဆောင်သောအဖွဲ့ဝင် (၅)ဦးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့်ချင်းပြည်နယ် ဖလမ်းခရိုင် တွမ်းဇံမြို့နယ်များသို့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူများအား စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှု (Psycho Social Care and Support) နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Social Conuselling ) ပြုလုပ်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ခဲ့ပါသည်။ ရှေးဦးစွာ MWCDF အသင်းဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂.၉.၂၀၁၅)ရက်နေ့တွင် ကလေး