Uncategorized

(၃၃)ကြိမ်မြောက် CEC Meeting

(၂၉.၁၁.၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ အသင်း၏(၃၃)ကြိမ်မြောက် ဗဟိုအလုပ် အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

(၃)မြွာပူးမွေးဖွားမိခင်နှင့်ကလေးအား သွားရောက်ထောက်ပံ့ခြင်း

(၂၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်း မှ CEC များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကလေးဆေးရုံကြီးတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှ တက်ရောက်ကုသနေသော သုံးမြွာပူးမွေးဖွားမိခင်နှင့် ကလေးငယ်အား အသင်းမှ အလှူငွေ- (၅၀,၀၀၀)ကျပ်နှင့် အဝတ်အထည်များ သွားရောက်ထောက်ပ့ံလှူဒါန်းခဲ့ပါသည်။

ကျောင်းသား/သူများအတွက် Talk Show ပြိုင်ပွဲပြုလုပ်ပေးခြင်း

(၆.၅.၂၀၁၈)နေ့တွင် MWCDF(ရုံးချုပ်)၊ နေပြည်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နွေရာသီအင်္ဂလိပ်စာ(Elementary Level) သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများအား Talk show ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Talk Show ပြိုင်ပွဲတွင် ကျောင်းသား/သူ(၅)ဦး ဆုရရှိခဲ့ပါသည်- ပြိုင်ပွဲတွင်ဆုရရှိသူများမှာ – ပထမဆု-မဝိုင်းထက်ထက်အောင် ဒုတိယဆု- မဟေသာညိုစင် တတိယဆု-မဇင်ဇင်စိုး စတုတ္ထဆု – မသိမ့်သိမ့်သူ ပဥ္စမဆု – မသိရိနန်းစံ ဖြစ်ပြီးအသင်း CECများမှ အကဲဖြတ်အမှတ်ပေးကာ ဆရာဦးမင်းစိုသူရမှ ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

အသင်းရုံး၌အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

(၃.၅.၂၀၁၇)နေ့တွင် MWCDF မိသားစုများစုပေါင်း၍ MWCDFရုံးချုပ်၊ ကုမုဒြာခန်းမ၌ သံဃာတော်အရှင်မြတ်တို့အားပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပြီး သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုများအား နတ် လူ အများ ဝမ်းမြောက် နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေသော်